မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ကျင်းပ

မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း ၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက် ပျိုးပွဲကို (၂-၇-၂၀၂၅) ရက်နေ့ ၀၈၀၀နာရီတွင် နည်းပညာတက္ကသိုလ် (မှော်ဘီ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ပါမောက္ခချုပ် ဒေါက်တာဒေါ်ကေသီလွင်၊ မှော်ဘီ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီးဝေမိုးအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်၊ မှော်ဘီမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မိခင်နှင့််ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၄၀၀)ခန့် တက်ရောက်ခဲ့ပြီး ကံ့ကော်၊ ခရေ၊ ပျဉ်းမ၊ ပိတောက်၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း (၁၂၀၀) စုပေါင်းစိုက် ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, July 2, 2025 - 12:30