မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား၊ စစ်တွေမြို့ ဘိုးဘွားရိပ်သာအတွင်းကျင်းပ

(၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင်မြန်မာအမျိုးသမီးများနေ့ အကြိုအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား၊ စစ်တွေမြို့ ဘိုးဘွားရိပ်သာအတွင်းကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အမျိုးသမီးရေးရာနာယက၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၁၈) ဦးနှင့်သစ်တောဦးစီးဌာနဝန်ထမ်းများစုပေါင်း၍သစ်ပိတောက်(၂)ပင်၊ပျဥ်းကတိုး(၁၂)ပင်၊မဟော်ဂနီ(၁၈)ပင်၊ခရေ(၂)ပင်၊ရေသင်းဝင်(၂)ပင်ပျဥ်းမ(၆၂)ပင်၊
မန်ဂျန်ရှား(၆၈)ပင်၊ရေတမာ(၂)ပင်စုစုပေါင်း (၁၆၈)ပင်ကို သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါ​ကြောင်းသတင်းရရှိသည်။

date: 
Wednesday, July 2, 2025 - 20:45