၃၀-၆-၂၀၂၅ ရက်နေ့မှ ၆-၇-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁.၉၆၉၆)တန်၊ သစ်မာ (၁.၀၁၆၆)တန်၊ အခြား (၁.၃၇၀၀)တန်၊ စုစုပေါင်း (၄.၃၅၆၂)တန် ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၇-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ် (၁၁၃/၇)မိုင်နှင့် (၁၁၄/၀)မိုင်ကြား၊ လမ်းအနောက်ဘက် (၁)ဖာလုံခန့် အကွာ၊ ဘုန်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၁၉)အတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၉)ချောင်း (၁.၃၃၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date:
Thursday, July 10, 2025 - 12:30