ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်အတွင်း အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် ရွှေဘိုမြို့၊ ရွှေဘိုတက္ကသိုလ်အတွင်း ခန့်မှန်းမြေပုံညွှန်း- 22°35'13.99"N, 95°44'20.09"E နှင့် 22°35'5.30"N, 95°44'20.31"E နေရာတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ ရွှေဘိုခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ရွှေဘိုမြို့ရှိ ကိုယ်ပိုင် ကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ အင်အား စုစုပေါင်း ၃၀၀၀ ဦးတက်ရောက်ပြီး တမာ၊ ဖျောက်ဆိတ်၊ မယ်ဇယ်၊ သပြေဘူတ၊ ခရေ၊ ရေတမာ၊ ဆီသပြေ၊ မယ်ဇလီ၊ ယူကလစ်၊ ပိတောက်သစ်မျိုး စုစုပေါင်း ၃၀၀၀ ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 15:15