စစ်ကိုင်းခရိုင်၊မြင်းမူမြို့ [အ၊ထ၊က(၂)]ကျောင်းဝင်းအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီတွင် စစ်ကိုင်းခရိုင်၊မြင်းမူမြို့[ အ၊ထ၊က(၂)]ကျောင်းဝင်းအတွင်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ၊မြို့နယ်ရဲမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဆရာ/ဆရာမနှင်ကျောင်းသား/ကျောင်းသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မိခင်နှင့်ကလေးအဖွဲ့ဝင်များ၊ရပ်/ကျေးအဖွဲ့ဝင်များ၊ဒေသခံပြည်သူများ အင်အား စုစုပေါင်း (၂၀၀) ဦးတက်ရောက်ပြီး တမာ(၁၅၀)ပင် မယ်ဇယ်(၁၀၀)ပင်၊ယူကလစ်(၁၂၅)ပင်၊စိန်ပန်း(၁၀၀)ပင်၊ကုက္ကို(၁၂၅)ပင် စုစုပေါင်း( ၆၀၀) ပင်ကိုစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။




date:
Friday, July 11, 2025 - 15:45