စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့တွင် အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

၁၁-၇-၂၀၂၅ ရက်၊ (၀၇:၀၀)နာရီအချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)အနီး၊ အားသစ်လမ်းတွင် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ပါသည်။သစ်ပင်စိုက်ပျိုးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းသား/သူများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ၊ အစိုးရနည်းပညာအထက်ကျောင်း(မုံရွာ)မှ ကျောင်းသား/သူများ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ဦး တက်ရောက်ပြီး စိန်ပန်း၊ ခရေ၊ ရေတမာ၊ မယ်ဇယ်၊ ဗန်ဒါ၊ မယ်ဇလီ၊ ကုက္ကိုလ်၊တမာ စသည့် သစ်မျိုး(၈)၊ စုစုပေါင်း (၁၀၅၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 11, 2025 - 15:45