အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်အား၊မုံရွာ-ယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ် ကွန်ပျူတာတက္ကသိုလ်တွင်ကျင်းပ
(၁၁.၇.၂၀ ၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီတွင် အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်အား၊မုံရွာ-ယင်းမာပင်ခရိုင်ယင်းမာပင်မြို့နယ် ကွန်ပျူတာတက္ကသိုလ် တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာ၀င်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင်စိုးတို့ ဦးဆောင်၍ ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ် ပြည်သူများ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ၊ အောင်ဇေယျမြို့သစ် အခြေခံပညာကျောင်းမှ ကျောင်းသား/သူများ၊ စုစုပေါင်း(၄၅၀)ဦး တက်ရောက်ပြီး၊ ခရေ(၇၀)ပင်၊ ရေတမာ(၅၀)ပင်၊ တမာ (၁၅၀)ပင်၊ မယ်ဇလီ(၁၅၀)ပင်၊ကုက္ကို(၁၃၀)ပင်၊ ဗန်ဒါ(၅၁)ပင်၊ စုစုပေါင်း (၆၀၀)ပင် ကို စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။



