၁၃-၂-၂၀၂၃ ရက်နေ့မှ ၁၉-၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၇.၈၁၀၆)တန်၊ သစ်မာ (၃၇.၁၅၀၀)တန်၊ အခြား (၃၆.၅၁၆၀)တန်၊ စုစုပေါင်း (၁၄၁.၄၇၆၆)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၂၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကိုင်းတာကြီးကျေးရွာအနောက်ဘက်/ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၂၆/၃)၊ ကားလမ်းအနောက်ဘက် လှည်းလမ်းအတိုင်း (၃)ဖာလုံခန့်အကွာ/ မိုင်တိုင်အမှတ် (၁၂၇/၂)၊ ကားလမ်း အနောက်ဘက် လှည်းလမ်းအတိုင်း (၅)ဖာလုံခန့်အကွာ နေရာတို့မှ တရားမဝင် ကျွန်း ခွဲသား(၁၁၀၇)ချောင်း (၂၁.၁၁၃၄)တန်၊ လွှဝိုင်းနှင့်ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, February 22, 2023 - 10:30