ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ ပူးပေါင်းကူညီမူဖြင့် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဇူလိုင်(၁၈ )ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာအားကစားကွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
ကချင်ပြည်နယ် သစ်တောဦးစီးဌာန၏ ပူးပေါင်းကူညီမှုဖြင့် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဇူလိုင်(၁၈ )ရက်နေ့ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ငြိမ်းချမ်းသာယာအားကစားကွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး လုမ္မနီအင်ကြင်း(၂၅)ပင်၊ စိန်ပန်းပြာ(၅၀)ပင်၊ ခရေ(၂၅) ပင်၊ ကံ့ကော်(၂၅)ပင်၊ သပြေ(၂၅) စုစုပေါင်း (၁၅၀)ပင်အား သတ်မှတ်နေရာများတွင် တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်း သတင်းရရှိသည်။



