ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့်ပဲခူးတိုင်းဒေသကြီး၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ပဲခူးမြို့၊ တိုင်းအားကစားဥယျာဉ်တွင်ကျင်းပ

၁၈-၇-၂၀၂၅ ရက်နေ့ နံနက်(၀၈:၃၀) အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့်ပဲခူးတိုင်းဒေသကြီး၊အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပွဲကို ပဲခူးမြို့၊ တိုင်းအားကစားဥယျာဉ်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ ပဲခူးတက္ကသိုလ်နှင့်အခြေခံပညာအထက်တန်းအဆင့်ကျောင်းသား/ကျောင်းသူများ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၃၇၂)ဦးတက်ရောက်ကြပြီး သစ်မျိုး(၇)မျိုး ၊ ကံကော်၊ ခရေ၊ ငုရွှေဝါ၊စိန်ပန်းနီ၊ စိန်ပန်းပြာ၊ စိန်ပန်းဝါ၊ ပျဉ်းမစုစုပေါင်း (၃၇၂) ပင်ကို တစ်အုပ်တစ်မအသွင်ဖြင့်စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသတင်းရရှိသည်။

date: 
Friday, July 18, 2025 - 19:15