၂၀၂၅ ခုနှစ်၊ မော်လမြိုင်ဂေါက်ကလပ်(ငန်းတေး)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
၂၀၂၅ ခုနှစ်၊ မော်လမြိုင်ဂေါက်ကလပ်(ငန်းတေး)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၉-၇-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၈၀)ဦးတက်ရောက်ကြပြီး သစ်မျိုး(၁၂)မျိုး ခရေ၊မန်ဂျန်ရှား၊ပျဉ်းမ၊မယ်ဇယ်၊ပျဉ်းကတိုး၊ရေတမာ၊မဟော်ဂနီ၊ကျွန်း၊တမလန်း၊ရင်ခတ်၊အနန်း၊သင်္ကန်း စုစုပေါင်း(၃၅၀)ပင်ကို အစီအစဉ်တကျ စိုက်ပျိုးခဲ့ကြပါကြောင်းသတင်းရရှိသည်။





date:
Saturday, July 19, 2025 - 13:00