လင်းခေးမြိုနယ်၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပ

၂၀-၇-၂၀၂၅ရက်နေ့၊(၀၈၀၀)အချိန် လင်းခေးမြိုနယ်၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းမကြီးဘေး လမ်းဘေးဝဲ/ယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေးအတွက် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပခဲ့ရာ လင်းခေးမြို့နယ်၊စစ်ဗျူဟာအခြေချလင်းခေးမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊လမ်းအထူး၅မှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ဒေသခံပြည်သူများ၊ဆရာ၊ဆရာမများ စုစုပေါင်းအင်အား (၂၀၀)ခန့်ဖြင့် စိန်ပန်းနီ၊မာတာကွတ်၊ ကျွန်း အပင်စုစုပေါင်း (၄၀၀)ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 21, 2025 - 18:30