၁၄-၇-၂၀၂၅ ရက်နေ့မှ ၂၀-၇-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၇.၈၂၅၂)တန်၊ သစ်မာ (၅.၀၉၃၂)တန်၊ အခြား (၅၃.၈၀၂၄)တန်၊ စုစုပေါင်း (၁၀၆.၇၂၀၈)တန်၊ ယာဉ်/ယန္တရား (၅)စီး၊ တရားခံ (၁၁)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၇-၂၀၂၅ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ ဥတည်ရပ်ကွက်နှင့် ပေါ်တော်မူ အနောက်ကျေးရွာပတ်ဝန်းကျင်နေရာများမှ တရားမဝင် ကျွန်းသစ်၊ ခွဲသား၊ လုံးပတ် (၃)ပေအောက်ကျွန်း၊ ကျွန်းဓါးရွှေတုံး (၁၁၆၇)လုံး/ချောင်း (၃၁.၅၂၀၄)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

date: 
Wednesday, July 23, 2025 - 13:15