ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ နေ့လည် ၁၅:၀၀ နာရီတွင် ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မကျီးချောင်းဘေးတွင် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဆောင်၍ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း(၄၀၀) ဦးခန့် တက်ရောက်၍ ဗြုးအုပ်ဆောင်း၊ ဗြုးခြေထောက်၊ မဒမ နှင့် အုန်းပင် စုစုပေါင်း(၁၄၀၀) ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါသည်။

date: 
Friday, July 25, 2025 - 08:30