ရန်ကုန်တိုင်းဒေသကြီး ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ပင်လယ် ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ၂၅-၇-၂၅ ရက်နေ့ (သောကြာနေ့) ၀၈၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ရန်ကုန်တိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီဝင်များ၊တိုင်းအဆင့်ဌာနဆိုင်ရာများ နှင့် ဖိတ်ကြားထားသူများ အင်အား ၁၄၀ ဦး တက် ရောက်ခဲ့ပါသည်။အခမ်းအနား မစတင်မီ ဝန်ကြီးချုပ်၊တရားသူကြီးချုပ်၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် သစ်တောဦးစီးဌာန က ခင်းကျင်းပြသထားသည့် ဒီရေတော ပြုစုထိန်းသိမ်းရေးဆိုင် ရာ အသိပညာပေး ပိုစတာများကို လိုက်လံကြည့်ရှုကြရာ သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း၊ ဦးစီးအရာရှိ ဒေါ်နှင်းရည် အောင် နှင့် တောအုပ်ကြီး ဒေါ်မေရတီစိန် တို့ က ရှင်းလင်း တင်ပြကြသည့်အပေါ် ဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားပါသည်။ ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒီရေတောများ ထိန်းသိမ်းထားရှိမှုနှင့်ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းထားရှိမှု၊ ကြိုးပြင်ကာကွယ်တောများထပ်မံဖွဲ့စည်းမည့် အစီအစဉ်၊နိုင်ငံတော် အကြီးအကဲ လမ်းညွှန်ချက်အရ ဒုတိယ Green Belt ဖော်ထုတ်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြခြင်း နှင့် ညွှန်ကြားရေးမှူး ဦးလှဦးမှ ဖြည့်စွက်တင်ပြခြင်းများ ဆောင်ရွက်ခဲ့ရာ ဝန်ကြီးချုပ် က ဒီရေတောကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ရေး အားပေးလမ်းညွှန်မှုပြုခဲ့ပါသည်၊
ထို့နောက် အခမ်းအနား စတင်ကျင်းပရာ ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားခြင်း ၊ အထိမ်းအမှတ် ဗွီဒီယိုပြသခြင်း ၊ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ကာ (၀၉:၃၀) နာရီတွင် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိသည်။








