တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem)အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကိုကျင်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာနမှကြီးမှူး၍ ၂၅.၇.၂၀၂၅ ရက်နေ့ နံနက်(၀၇:၁၅)နာရီအချိန်တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ကြက်ခြေနီအသင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း (၂၅၀) ဦး တက်ရောက်ကြပြီး ဗြူးခြေထောက်(၁၀၀၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။ ထို့နောက် ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်းတွင် ၂၅.၇.၂၀၂၅ရက်နေ့၊နံနက်(၉:၀၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့(International Day for the Conservation of Mangrove Ecosystem) အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ သစ်တော ဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်း၊ ကြက်ခြေနီအသင်း၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူစုစုပေါင်း (၁၅၀) ဦး တက်ရောက်ပြီး အခမ်းအနားကို နေ့လည်(၁၀:၂၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲမြတ်တင့်ကအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ဂုဏ်ပြုအမှာစကားမြွတ်ကြားပြီး သစ်တောဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးထိုက်လွင်ဦးမှအပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Presentationတင်ပြခဲ့ပါသည်။ ဆက်လက်၍အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဗွီဒီယိုပြသခြင်းဆောင်ရွက်၍ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များကခင်းကျင်းပြသထားသည့်အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပိုစတာများကိုလှည့်လည်ကြည့်ရှုပါကြောင်း သတင်းရရှိသည်။

date: 
Friday, July 25, 2025 - 13:15