၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲပေါင်မြို့ နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်၊ ပင်လယ်ကမ်းခြေတွင်ကျင်းပ

၂၀၂၅-ခုနှစ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြည်နယ်အဆင့်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို (၂၅-၇-၂၀၂၅)ရက်နေ့နံနက် (၀၈:၀၀) နာရီအချိန်တွင်ပေါင်မြို့ နယ်၊အလှပ်ကျေးရွာအုပ်စု၊ဆယ်အိမ်စုရပ်၊ပင်လယ်ကမ်းခြေတွင်ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချူပ်ဦးဆောင်သည့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ၊အခြေခံပညာကျောင်းများမှဆရာ/ဆရာမနှင့်ကျောင်းသား/ကျောင်း သူများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူ လူထုများစုစုပေါင်းအင်အား(၄၂၉) ဦးတက်ရောက်ကြပြီးဒီရေတော သစ်မျိုးများဖြစ်သည့်ဗြူးရွှေဝါ၊ဗြူးခြေထောက်၊သမဲ့၊မဓမနှင့်အိပ်မသွယ်သစ်မျိုးအပင်ပေါင်း (၁၃၁၆)ပင်ကိုစုပေါင်း‌၍စိုက်ပျိုးခဲ့ကြပါသည်။အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်မှအပြည်ပြ်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်ရေးနေ့ဂုဏ်ပြုအမှာစကားမြွက်ကြားပြီးပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူးမှဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ Presentation ရှင်လင်းတင်ပြခဲ့ပြီး ပြည်နယ်ညွှန်ကြာရေးမှူးမှ ၂၀၂၀ ခုနှစ်တွင်စိုက်ပျိုးခဲ့သောဒီရေတောစိုက်ခင်းဆိုင်ရာအချက်အလက်များနှင့်အောင်မြင်ရှင်သန်မှုအခြေအနေအားရှင်းလင်းတင်ပြခဲ့ပါကြောင်းနှင့် ICM အစီအစဉ်အရ ၂၀၂၂၊၂၀၂၃၊၂၀၂၄၊၂၀၂၅ ခုနှစ်တို့တွင်စိုက်ပျိုးခဲ့သည့် အုန်းပင် ၅၇၀ ပင် ရှင်သန်ဖြစ်ထွန်းနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 25, 2025 - 15:00