ရှမ်းပြည်နယ်၊ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အား တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း ကျင်းပ
၂၆-၇-၂၀၂၅ ရက် စေနနေ့ နံနက်(၀၈း၀၀)နာရီအချိန်ရှမ်းပြည်နယ်၊ ၂၀၂၅ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတော်အား တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာသစ်မျိုးများဖြင့်မျိုးဖြင့် စုစုပေါင်း (၁၅၃၀)ပင်အား ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကော်လိပ်၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၇၀)ဦး တက်ရောက်စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိသည်။











date:
Saturday, July 26, 2025 - 11:45
