AFoCO ၏ မဟာဗျူဟာစီမံချက်(၂၀၂၄-၂၀၂၅)တွင် ပုံမှန်စီမံကိန်းများအတွက် Full Proposal Development ရေးဆွဲခြင်းဆိုင်ရာဆွေးနွေးပွဲကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင်၂၉-၇-၂၀၂၅ ရက်နေ့၊ ညနေ ၅:၀၀ နာရီအချိန်တွင် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ AFoCO Secretariat မှ ကိုယ်စားလှယ်များ ဖြစ်သည့် Dr. Park Jeong Ho နှင့် Mr. Han Dong Kim တို့နှင့် ၂၀၂၆ ခုနှစ် အတွက် စီမံကိန်းအဆိုပြုလွှာ ပြင်ဆင်ရေးဆွဲခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)၊ ညွှန်ကြားရေးမှူးများ ပါဝင် တက်ရောက်လျက် စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က AFoCO နှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် သစ်တောဦးစီးဌာနအတွက် အကျိုးကျေးဇူး များစွာ ရရှိကြောင်း၊ ယခုကဲ့သို့ စီမံကိန်းအဆိုပြုလွှာများ ပူးပေါင်းရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ထာဝစဉ် တည်တံ့ စေသော သစ်တောစီမံအုပ်ချုပ်ခြင်းနှင့် သစ်တောများ ပြန်လည်ပြုစုထိန်းသိမ်းခြင်းတို့မှတစ်ဆင့် ဒေသခံများ ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းခြင်း လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက် သွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ထာဝစဉ်တည်တံ့စေသော သစ်တောစီမံ အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများဖြစ်သည့် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ (၁၃) ခရိုင် အထူး စိမ်းလန်းစိုးပြည်ရေး အစီအစဉ်များနှင့် စိုက်ခင်းတည်ထောင်ပြီးစီးမှုကို မျှဝေဆွေးနွေးခဲ့ပြီး စီမံကိန်း အဆိုပြုလွှာအတွက် အကောင်အထည်ဖော်မည့် ရှမ်းပြည်နယ်၊ တောင်ပိုင်းရှိ ဘက်စုံရေဝေရေလဲ ဒေသ စီမံအုပ်ချုပ်မှု ဆောင်ရွက်နိုင်မည့် အလားအလာများနှင့် အင်းလေးကန်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး ဆောင်ရွက်ခဲ့မှုများကို မျှဝေဆွေးနွေးခဲ့ပါသည်။
AFoCO Secretariat မှ ကိုယ်စားလှယ်များက ယခု စီမံကိန်းအဆိုပြုလွှာပြင်ဆင် ရေးဆွဲ ခြင်းကို ဘက်စုံရေဝေရေလဲဒေသစီမံအုပ်ချုပ်ခြင်းနှင့် ဒေသခံများ၏ စီးပွားရေးလုပ်ငန်း တိုးတက် ဖွံ့ဖြိုးစေရေး ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဒေသခံများ အမှန်တကယ် ပါဝင်နိုင်ပြီး ဝင်ငွေ အခွင့်အလမ်းရရှိစေမှု အစီအစဉ်များကို သစ်တောထိန်းသိမ်းရေးလုပ်ငန်းများနှင့် ထည့်သွင်း ပြင်ဆင် ရန်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ရှမ်းပြည်နယ်တွင် စီမံကိန်းအကောင်အထည်ဖော်နိုင်မည့် အခြေအနေများ၊ ဒေသခံ များအတွက် အသေးစား၊ အလတ်စား စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်မည့် အခြေအနေများ ကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, July 30, 2025 - 12:45