ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း (FD-KFS REDD+ Project) ၏ သတ္တမအကြိမ်မြောက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကျင်းပ

ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း (FD-KFS REDD+ Project) ၏ သတ္တမအကြိမ်မြောက် စီမံကိန်းလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ၃၀-၇-၂၀၂၅ ရက် ၀၇း၃၀ နာရီအချိန် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊‌ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ညွှန်ကြား‌ရေးမှူးများနှင့် စီမံကိန်းဝန်ထမ်းများတက်ရောက်ပြီး ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယားသစ်တောဌာနမှ တာဝန်ရှိသူများက virtual စနစ်ဖြင့် တက်ရောက်သည်။ အစည်းအဝေးတွင် စီမံကိန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြောင်းသတင်းရရှိသည်။

date: 
Wednesday, July 30, 2025 - 13:00