အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး လူထုလှုပ်ရှားမှု အသွင်အပြင်ဖြင့် စိုက်ပျိုးခဲ့သည့်သစ်ပင်များအား ပြုစုထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ လမ်းညွှန်ချက်အရ အောင်လံခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီနှင်ခရိုင်သစ်တောဦးစီးဌာနတို့၏ဦးဆောင်မှု ဖြင့် (၉-၈-၂၀၂၅) ရက်၊ နံနက် (၀၉း၀၀) နာရီအချိန်တွင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးရေပေါ်ကြိုးဝိုင်း၊အကွက်မှတ် (၆၁) အတွင်း (၁၁.၇.၂၀၂၅) နေ့ ကစိုက်ပျိုးခဲ့သည့် အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုလှုပ်ရှားမှု အသွင်အပြင် စိုက်ပျိုးခဲ့သော (တမာ၊ပိတောက်၊ မြန်မာကုက္ကို၊ ဖျောက်ဆိပ်၊ စိန်ပန်းကြီးပင်) (၉၀၀) ပင်အားလူထုလှုပ်ရှားမှုအသွင်ဖြင့် သေပင်ဖာထေးခြင်း၊ ပေါင်းရှင်းခါးဆွခြင်း၊ နွားချေး/ ကြက်ချေး/ သဘာဝမြေသြဇာကျွေးခြင်း၊ ပုလဲမြေသြဇာကျွေးခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးခြင်း လုပ်ငန်းများအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းညွန့်တင်၊မြို့နယ်ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင် နှင့် သစ်တော/ စိမ်းစို ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများ (၂၅၀) ဦး ပူးပေါင်းပါဝင်၍ စိုက်ပင် (၉၀၀) အနက် သေပင် (၅၀) ပင် ဖာထေးခြင်း၊ နွားချေး မြေသြဇာ ( ၅၇ ) တင်းကျွေးခြင်း၊ ပုလဲ မြေသြဇာ ( ၁၀ ) ပြည်ကျွေးခြင်း၊ ပေါင်းရှင်းခါးဆွခြင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြောင်းသတင်းရရှိသည်။





