ကလောမြို့နယ်၊ သီခေါင်တောင်ကြိုးပြင်ကာကွယ်တော၊ ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင်အမှတ် ၈၇ အနီးတွင် ကမ္ဘောဇဖေါင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍အင်းခေါင်းဆည်ရေဝေရေလဲဒေသအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
(၁၀-၈-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၊ ကလောမြို့နယ်၊ သီခေါင်တောင်ကြိုးပြင်ကာကွယ်တော၊ ပြည်ထောင်စုလမ်းမကြီးဘေး မိုင်တိုင်အမှတ် ၈၇ အနီးတွင် ကမ္ဘောဇဖေါင်ဒေးရှင်းနှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ယက်မှ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍အင်းခေါင်းဆည်ရေဝေရေလဲဒေသအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပဆောင်ရွက်ခဲ့ရာ ကမ္ဘောဇဖေါင်ဒေးရှင်း နာယကကြီးနှင့်တကွ တာဝန်ရှိသူများ ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ပြည်နယ်ညွှန်ကြးရေးမှူးနှင့် ဝန်ထမ်းများ၊ ပရဟိတ အသင်းအဖွဲ့ဝင်များ၊ ကလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ စုစုပေါင်း (၃၅၀)ဦးတက်ရောက်ခဲ့ပြီး၊ ချယ်ရီ(၄၀)ပင်၊ စိန်ပန်းနီ(၃၀)ပင်၊ စိန်ပန်းပြာ(၃၀)ပင်၊ ထင်ရှူး(၈၀၀)ပင်၊ စုစုပေါင်း (၉၀၀)ပင်တို့အား ၁၂'×၁၂' ပန္နတ်ဖြင့် (၃)ဧက အားစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။






