၂၂-၅-၂၀၂၃ ရက်နေ့မှ ၂၈-၅-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၁.၅၂၉၀)တန်၊ သစ်မာ (၁၁.၆၁၅၂)တန်၊ အခြား (၁၈.၉၄၄၈)တန်၊ စုစုပေါင်း (၅၂.၀၈၉၀)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၅-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘုန်းတောင်ကြိုးဝိုင်း၊ အကွက်အမှတ် (၃)၊ ခပေါင်းဆည်အနီးနှင့် ရေဆိပ်နေရာတို့မှ တရားမဝင် ကျွန်း သစ်လုံး/ ခွဲသား/ ခွဲခြမ်း/ ဖရုံစိပ်/ ယောင်ခြမ်း (၁၁၀) လုံး/ ချောင်း/ ခြမ်း/ စိပ် (၁၃.၀၅၁၆)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, May 31, 2023 - 03:45