ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၌ ဒုတိယအကြိမ်ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပြည်ပညာရေးဒီဂရီကောလိပ်တွင် ဒုတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။အခမ်းအနားတွင် ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ပြည်မှ ပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မင်းမင်းသိမ့်သို့လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌမှ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများသို့လည်း ကောင်း ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ပြည်မှ (၁၀)ဦး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ (၉၀)ဦး၊ ဒေသခံပြည်သူ(၁၀၀)ဦး၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၅၀)ဦး၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူ (၅၀၀)ဦး စုစုပေါင်း(၇၅၀)ဦးဖြင့်တမာ(၆၆၀)ပင်၊ ပျဉ်းမ(၅၄)ပင်၊ ပိတောက်(၅၄)ပင်၊ မဟော်ဂနီ(၅၄)ပင်၊ ရေတမာ (၅၄)ပင်၊ ပျဉ်းကတိုး(၅၄)ပင်၊ ကံ့ကော်(၅၄)ပင်၊ ခရေ(၁၁၆)ပင်စုစုပေါင်း(၁၁၀၀)ပင်အား စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။


