၁၂-၆-၂၀၂၃ ရက်နေ့မှ ၁၈-၆-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၅.၅၃၇၈)တန်၊ အခြား (၄၆.၉၂၁၄)တန်၊ စုစု ပေါင်း (၇၂.၄၅၉၂)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၆-၂၀၂၃ ရက်နေ့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တော(၂)ဘိနယ်၊ နောင်လုံ ကြိုးဝိုင်း၊ အင်တောမြို့နယ်ခွဲ၊ ကျောက်ဂူဒေသအတွင်းနေရာများမှ တရားမဝင် အင်သစ်လုံး/ လုံးပတ်၃ပေအောက်သစ် (၁၈၅)လုံး (၃၃.၀၁၁၀)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Tuesday, June 20, 2023 - 16:00