ဒေသခံအခြေပြု အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက်စီးပွားရေးအစီအစဉ်ရေးဆွဲရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ၂၅-၈-၂၀၂၅ ရက်နေ့မှ ၂၉-၈-၂၀၂၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်လျက်ရှိသည့် ‘ဒေသခံအခြေပြု အသက်မွေးဝမ်းကျောင်းနှင့်စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေး အစီအစဉ် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ’ကို NTFP Asia and AFoCO, AKCF Project တို့မှ တာဝန်ယူ ဆောင်ရွက်ပြီး လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်သူ ကိုယ်စားလှယ်များနှင့် NTFP Asia၊ AFoCO Secretariat တို့မှ ကိုယ်စား လှယ်များ၊ စုစုပေါင်း(၃၉)ဦးခန့် တက်ရောက်လျက်ရှိပါကြောင်းနှင့် အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
(က) ဒေသခံအခြေပြု အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် သက်ဆိုင်သော စီးပွားရေး အစီ အစဉ်ရေးဆွဲခြင်း၏ အဓိက အယူအဆများနှင့် အချက်အလက်များကို မိတ် ဆက်ရန်၊
(ခ) လူထုက စီမံခန့်ခွဲသည့် သစ်တောအခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများကို တိကျခိုင်မာအောင် ထိန်းသိမ်းနိုင်ရန် အရေးပါသော ကိရိ ယာတစ်ခုအဖြစ် စီးပွားရေးစီမံကိန်း ရေးဆွဲခြင်း၏ အရေးကြီးမှုကို ထောက်ပြပေးရန်၊
(ဂ) လူမှုဆိုင်ရာ စီးပွားရေး လုပ်ငန်းလေ့ကျင့်သူများက ပေးသော ‘စီးပွားရေး စတင်ရန် လက်တွေ့ လမ်းညွှန်ချက်များ’ အပေါ် အခြေခံ၍ လက်တွေ့ စီမံကိန်းရေးဆွဲနည်းများ ကို တင်ပြနိုင်ရန်၊
(ဃ) စီးပွားရေး စီမံကိန်းရေးဆွဲသင်တန်းမှ အတွေ့အကြုံများကို စုပေါင်း ဆွေးနွေးသုံး သပ်ရန်၊ အနာဂတ်တွင် လူထုအခြေပြု စီးပွားရေးလုပ်ငန်းများနှင့် မိသားစုအဆင့် အသက်မွေးဝမ်း ကျောင်းများအတွက် စီးပွားရေး စီမံကိန်းများ ဖော်ဆောင်နိုင်ရန်နှင့် ဆက်စပ်သူများကို အတတ်ပညာ/စွမ်းဆောင်ရည် တိုးတက်စေရန် အထောက်အကူပြုနိုင်ရန်။
ထို့ပြင် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံ၊ သစ်တောဦးစီးဌာနမှ အရာထမ်း(၆)ဦးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်(၁)ဦး၊ စုစုပေါင်း (၇)ဦးတက်ရောက်ခဲ့ပါသည်။

