၂၀၂၅ ခုနှစ်၊ မိုးရာသီ (စတုတ္ထအကြိမ်)သစ်ပင်စိုက်ပျိုးပွဲတော်အား၊ မကွေးမြို့၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာရပ်ကွက်အနီးတွင်ကျင်းပ
(၂၈.၈.၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီတွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ (စတုတ္ထအကြိမ်)သစ်ပင်စိုက်ပျိုးပွဲတော်အား၊ မကွေးမြို့၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာရပ်ကွက်အနီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ဇနီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အစိုးရစက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း၊ သူနာပြု/သားဖွားသင်တန်းကျောင်း နှင့် ပညာရေးကောလိပ် မှ ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၀၀၀) ဦးဖြင့် တမာ (၂၅၀)၊ မန်ကျည်း(၁၅) ၊ မယ်ဇလီ(၁၀၀)၊ ဖန်ခါး (၂၀)၊ တပြေဘူတ(၅၀)၊ ဇီးဖြူ(၁၀၀)၊ ခရေ(၅၀)၊ မယ်ဇယ်(၆၀)၊ သခွပ်(၅)၊ ရင်းမာ(၁၅၀)၊ ပိတောက်(၂၀၀) သစ်မျိုး(၁၁) မျိုးဖြင့်စုစုပေါင်းအပင်အရေအတွက် (၁၀၀၀) အား လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိသည်။


