၂၀၂၅ ခုနှစ် မိုးရာသီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မုပွန်ရပ်ကွက်၊ အဆင့်မြင့်ငါးဈေး စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကျင်းပ
၂၀၂၅ ခုနှစ် မိုးရာသီတွင် မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ် ၊မုပွန်ရပ်ကွက် ၊အဆင့်မြင့်ငါးဈေး စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲကို ၃၀-၈-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင့်အဆင့်ဌာနဆိုင်ရာများ၊ ဈေးသူ/ဈေးသားများ စုစုပေါင်း အင်အား (၄၅၀)ဦးခန့်တက်ရောက်ကြပြီး ၊ခရေ၊ ကံ့ကော်၊ မယ်ဇယ်၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ ရေတမာ၊ မာလာလူးကားပင် စုစုပေါင်း (၃၀၀)ပင်အား စိုက်ပျိုးခဲ့ကြပါကြောင်း သတင်းရရှိသည်။





date:
Sunday, August 31, 2025 - 19:00