၂၅-၈-၂၀၂၅ ရက်နေ့မှ ၃၁-၈-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃.၈၉၁၄)တန်၊ သစ်မာ (၂.၃၅၀၆)တန်၊ အခြား (၁၅.၉၀၆၀)တန်၊ စုစုပေါင်း (၂၂.၁၄၈၀)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၈-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ မြို့မ (၂)ဘိနယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၃၅/၅)မိုင်၊ အရှေ့ဘက် (၁)ဖာလုံခန့်အကွာ၊ ဆီဆုံကုန်း ကျေးရွာသွားလမ်းနေရာမှ တရားမဝင် ကျွန်း/ကညင် ခွဲသား (၆၉)ချောင်း (၆.၆၇၈၄) တန်၊ ယာဉ် (၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, September 3, 2025 - 10:45