၂၄-၇-၂၀၂၃ ရက်နေ့မှ ၃၀-၇-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၈.၆၃၀၄)တန်၊ သစ်မာ (၂.၁၆၄၈)တန်၊ အခြား (၂၃.၂၃၂၄)တန်၊ စုစုပေါင်း (၅၄.၀၂၇၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၇-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၂)၊ မိုင်တိုင်အမှတ် ၆၈/၄ နှင့် ၆၈/၅ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၀)၊ မိုင်တိုင်အမှတ် ၆၅/၂ နှင့် ၆၅/၃ ကြား/ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၁၁)၊ မိုင်တိုင်အမှတ် ၆၄/၄ နှင့် ၆၄/၅ ကြား နေရာတို့မှ တရားမဝင် ကျွန်း သစ်လုံး/ခွဲခြမ်း စုစုပေါင်း (၆၃)လုံး/ခြမ်း (၁၀.၉၀၂၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, August 3, 2023 - 12:15