၇-၈-၂၀၂၃ ရက်နေ့မှ ၁၃-၈-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၅၆၈၅)တန်၊ သစ်မာ (၁၄.၇၃၆၂)တန်၊ အခြား (၁၃.၆၈၄၆)တန်၊ စုစုပေါင်း (၇၇.၉၈၉၃)တန်၊ ယာဉ်/ ယန္တရား (၉)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၈-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၅၄၊ ၅၅၊ ၆၃၊ ၈၀၊ ၈၁၊ ၁၁၁) တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး သစ်လုံး/ခွဲသား/ခွဲခြမ်း စုစုပေါင်း (၂၆၉) လုံး/ချောင်း/ခြမ်း (၂၁.၆၁၃၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-
date:
Tuesday, August 15, 2023 - 18:45