သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး (၂)နေရာတို့အတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း ကျပ် ၂၁၆ဝဝဝ-၂၀၀၀-၂၂၆ဝဝဝ) တောအုပ်ကြီးရာထူး (၄၆)နေရာ နှင့် သုတေသနလက်ထောက်-၂ ရာထူး (၂)နေရာတို့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် လိုပါက ပူးတွဲပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ၊ administrationfd@forest.gov.mm/ forestadmdev@gmail.com သို့ Online မှဖြစ်စေ ၁၅-၁ဝ-၂ဝ၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်-
လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) တောအုပ်ကြီးရာထူးနေရာများတွင် လျှောက်ထားသူများသည် သိပ္ပံ(သစ်တော)ဘွဲ့ ရရှိပြီးသူဖြစ်ရမည်၊
( ဂ ) သုတေသနလက်ထောက်-၂ ရာထူးနေရာများတွင် လျှောက်ထားသူများသည် မဟာသိပ္ပံဘွဲ့(ရုက္ခဗေဒ၊ သတ္တဗေဒ၊ ဓါတုဗေဒ) ရရှိပြီးသူဖြစ်ရမည်၊ ( ဌာနတွင်း ဝန်ထမ်းဖြစ်ပါက သိပ္ပံဘွဲ့ တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည် )
(ဃ) ၃၁-၁၀-၂၀၂၅ ရက်နေ့တွင်အသက်(၃၅)နှစ်ထက်မကြီးသူဖြစ်ရမည်၊ (နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက် (၃၇)နှစ် ထက်မကြီးသူ ဖြစ်ရမည်)
( င ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက်တင်ပြရမည်၊
( စ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ် ပယ်ခြင်း(Removal)ခံရသူများ လျှောက်ထားခွင့် မရှိပါ၊
(ဆ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်အင်္ဂါပြည့်စုံသန်စွမ်း၍ ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်သူဖြစ်ရမည်၊
( ဇ ) ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
( ဈ ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

ရာထူးအလိုက်လျှောက်လွှာပုံစံများနှင့် လေ့လာကြည့်ရှုနိုင်ရန် အချက်အလက်များအား အောက်ပါ PDF file အား Download လုပ်၍ ရယူနိုင်ပါသည်။

စုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

date: 
Tuesday, September 16, 2025 - 19:45