မြန်အောင်မြို့နယ်၊သစ်တောဝန်ထမ်းများမှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၈-၉-၂၀၂၅)ရက်၊ (၁၀း၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အင်ပင်မြို့၊ အခြေခံပညာအလယ် တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)၌ သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ သစ်တောဝန်ထမ်းများမှ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ငှက်ကြီးကွင်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမ(၁၀)ဦး၊ ကျောင်းသားကျောင်းသူ (၁၂၂)ဦး၊ ငှက်ကြီးကွင်းကျေးရွာမှ ဒေသခံပြည်သူ(၃၂)ဦး၊ ငှက်ကြီးကွင်းအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ(၁၃)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်မှ သစ်တောသစ်ပင်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင်မှ တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်အပေါ် ရှင်းလင်းဖြေကြားပေးခဲ့ကြောင်းသတင်းရရှိသည်။



