၈-၉-၂၀၂၅ ရက်နေ့မှ ၁၄-၉-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၅၆၁၄)တန်၊ သစ်မာ (၆၈.၀၀၀၀)တန်၊ အခြား (၁၂၅.၉၂၄၆)တန်၊ စုစုပေါင်း (၂၁၃.၄၈၆၀)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ (ဒေသ အခေါ်) ရဲနွယ်ဆည်ရေပိုလွှဲ ဓမ္မာရုံအနီးနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/အခြား ခွဲသား (၁၉၁၆)ချောင်း (၁၆၆.၈၄၆၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date:
Friday, September 19, 2025 - 10:15