သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း စက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း စက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး(၁) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် အသက်(၃၅)နှစ်ထက်မကြီးသူ (နိုင်ငံ့ဝန် ထမ်းဖြစ်ပါက အသက် ၄၀ နှစ်ထက်မကြီးသူ) အမျိုးသား ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
( ဂ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ် ပယ်ခြင်း (Removal) ၊ အမည်မည်းစာရင်း(Black List)ရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။
(ဃ) အခြေခံပညာအလယ်တန်းအောင်မြင်သူ (အောင်လက်မှတ်မူရင်း တင်ပြနိုင်သူ) ဖြစ်ရမည်၊
( င) ယာဉ်မောင်းလိုင်စင်ရှိသူ(တင်ပြနိုင်သူ)ဖြစ်ရမည်၊
( စ ) စက်ပြင်အတွေ့အကြုံရှိရမည်။
(ဆ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
( ဇ) ပြစ်မှု/ပြစ်ဒဏ် ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှထောက်ခံချက် ပေးအပ် နိုင်သူ ဖြစ်ရမည်၊
( ဈ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.com သို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်မိတ္တူ
(စစ်ဆေးသည့်အခါ မူရင်းများ တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတဘာသာရပ် စစ်ဆေးခြင်း၊ မော်တော်ယဉ်ပြုပြင်/ မောင်းနှင်မှု စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေ့ရက် - ၉-၁၀-၂၀၂၅ (ကြာသပတေးနေ့)
အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ
ဖြေဆိုရမည့်ဘာသာရပ် - အထွေထွေဗဟုသုတ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်း စီ၏ စာမေးပွဲခုံနံပါတ်၊ မော်တော်ယဉ်ပြုပြင်/မောင်းနှင်မှုစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာ တို့ကို သစ်တောဦးစီးဌာန Website- www.forestdepart ment.gov.mm တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အသေးစိတ်သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများ အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်သည်။ စုံစမ်းမေးမြန်း လိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက် သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန

date: 
Friday, September 19, 2025 - 20:30