သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၅) နေရာအတွက် အလုပ်လျှောက်လွှာများခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) ၃၁-၁၀-၂၀၂၅ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ ( နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူ)အမျိုးသား/အမျိုးသမီးများလျှောက်ထားနိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊ တောခေါင်း(အမျိုးသမီး)ရာထူး အရေအတွက်အား ခန့်ထားမည့် အရေအတွက်၏ (၂၀%)ခန့်ထားပါမည်။
( ဂ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ် ပယ်ခြင်း (Removal) ၊ အမည်မည်းစာရင်း(Black List)ရေးသွင်းခြင်းခံရသူများ လျှောက်ထားခွင့် မရှိပါ။
(ဃ) အခြေခံပညာအထက်တန်းအောင်မြင်သူ(အောင်လက်မှတ်မူရင်းတင်ပြနိုင်သူ) ဖြစ် ရမည်၊
( င ) ကျန်းမာရေးကောင်းမွန်သူ ( မိုင် ၂၀ လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်နိုင်သူ ) ဖြစ်ရမည်၊
( စ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက် ပေးအပ်သူ ဖြစ်ရမည်။
(ဆ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၃)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါ အထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် forestadmdev@gmail.com သို့ Online စနစ်ဖြင့် ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၃၀-၉-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်း တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ် မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေစာမေးပွဲကို အထွေထွေဗဟုသုတဘာသာရပ်စစ်ဆေးခြင်း၊ မိုင်(၂၀)လမ်းလျှောက် ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်အောင်လမ်းလျှောက်နိုင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် လူတွေ့ စစ်ဆေးခြင်းတို့ ဆောင်ရွက်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
ဖြေဆိုမည့်နေ့ရက် - ၉-၁၀-၂၀၂၅(ကြာသပတေးနေ့)
အချိန် - ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ
ဖြေဆိုရမည့်ဘာသာရပ် - အထွေထွေဗဟုသုတ
၅။ ရေးဖြေစာမေးပွဲဖြေဆိုမည့်နေရာ၊ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်း စီ၏ စာမေးပွဲခုံနံပါတ်၊ မိုင်(၂၀)လမ်းလျှောက်ခြင်းအား သတ်မှတ်ချိန်အတွင်း ပန်းဝင်အောင် လမ်းလျှောက်နိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း နှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့်နေ့ရက်၊ အချိန်၊ နေရာတို့ကို သစ်တောဦးစီးဌာန၏ Website-www.forestdepartment.gov.mmတွင် ကြေညာ ပေးသွားမည်ဖြစ်ပါသည်။
၆။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၇။ အသေးစိတ်သတ်မှတ်ချက်များ၊ လျှောက်လွှာပုံစံများနှင့် လေ့လာရန်အချက်အလက်များအား အောက်ပါ PDF File အား Download ပြုလုပ်၍ ရယူနိုင်သည်။ စုံစမ်းမေးမြန်း လိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅၄၀၃/ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက် သွယ်မေးမြန်းနိုင်ပါသည်။