မွန်ပြည်နယ်၊သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဌ၏စီစဉ်ကြီး ကြပ်မှုဖြင့်သစ်တောဦးစီးဌာန၊လမ်းဦးစီးဌာနနှင့်မြန်မာ့မီးရထားတို့ပူး ပေါင်းကျင်းပသည့်လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက် ပျိုးပွဲတော်အားကျင်းပ
မွန်ပြည်နယ်၊သထုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဌ၏စီစဉ်ကြီး ကြပ်မှုဖြင့်သစ်တောဦးစီးဌာန၊လမ်းဦးစီးဌာနနှင့်မြန်မာ့မီးရထားတို့ပူး ပေါင်းကျင်းပသည့်လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးသစ်ပင်စိုက် ပျိုးပွဲတော်အား (၁၉-၉-၂၀၂၅)ရက်နေ့(၀၈:၃၀) နာရီတွင်သထုံမြို့၊သထုံ-ဘားအံကားလမ်း၊မိုင်တိုင်အ မှတ်(၂/၇) နှင့်(၃/၂)မိုင်တိုင်အကြားလမ်းညာဘက်တွင်ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့သထုံခရိုင်နှင့်သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ် ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်က လေးစောင့်ရှောက်ကြီးကြပ်ရေးအ ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ (၃၀၀)ဦး တက်ရောက်ပြီးသထုံခရိုင်နှင့်သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဌတို့မှဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များသို့လူထုဖြန့်ပျိုးပင်များပေး အပ်ပြီးလမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအနေဖြင့်ကံ့ကော်၊ခရေ၊ပျဉ်းကတိုး၊မဟော်ဂနီ၊စိန်ပန်းနှင့် မန်ဂျန်ရှားသစ်မျိုး(၆)မျိုးပျိုးပင်ပေါင်း (၁၀၅၀)ပင်အားစုပေါင်း ၍စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။





