နေပြည်တော်စိမ်းလန်းစိုပြည်ရေးတစ်အုပ်တစ်မ စိုက်ခင်းများနှင့် ပျိုးဥယျာဉ်များအားလိုက်လံကြည့်ရှုစစ်ဆေးခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒ/စီမံကိန်း)၊ သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများလိုက်ပါလျက် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၄)ရှိ တစ်အုပ်တစ်မစိုက်ခင်း (၃) ဧက၊ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၀၄/၆) နှင့်(၂၀၅/၀)ကြားရှိ တစ်အုပ်တစ်မစိုက်ခင်း (၅)ဧက၊မိုင်တိုင်အမှတ်(၂၀၃/၅)ရှိ သစ်မာမျိုးစုံ စိုက်ခင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နှင့် သဘာဝတောပြုစုထိန်းသိမ်းခြင်း (၈၀) ဧက၊ နေပြည်တော်ပျိုးဥယျာဉ်၊ ဆေးဖက်ဝင်အပင်များပျိုးဥယျာဉ်၊ ပျဉ်းမနားပျိုးဥယျာဉ်၊ ရွှေကျပျိုးဥယျာဉ်နှင့် ရေဆင်းပျိုးဥယျာဉ်တို့၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

date: 
Sunday, September 21, 2025 - 20:15