၁၅-၉-၂၀၂၅ ရက်နေ့မှ ၂၁-၉-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၉၉၀၈)တန်၊ သစ်မာ (၂၅.၅၇၁၆)တန်၊ အခြား (၇၇.၂၃၂၂)တန်၊ စုစုပေါင်း (၁၁၆.၇၉၄၆)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၆-၉-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအပိုင်း(ခ)ဘိနယ်၊ (ဒေသ အခေါ်) ရဲနွယ်ဆည်ရေပိုလွှဲဆိပ်နေရာမှ တရားမဝင် ပျဉ်းကတိုး/အခြား ခွဲသား (၄၅၈) ချောင်း (၄၃.၀၆၉၄)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, September 24, 2025 - 15:00