AFoCO RETC ၏ ဒေသခံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသား များ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းအပြင် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များကို နှစ်စဉ် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ သစ်တောမှီခိုသူ ကျေးလက်နေ ဒေသခံပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု ခြင်းသည် AFoCO RETC ၏ ရည်ရွယ်ချက် တစ်ခုဖြစ်သည်နှင့်အညီ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ဒေသခံ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်မှ “ဇီဝမြေဩဇာပြုလုပ်ခြင်းနည်းပညာနှင့် ရေရှည်တည်တံ့စေမည့် ဇီဝမြေဩဇာစီမံအုပ်ချုပ်ခြင်းသင်တန်း”ကို သင်တန်းကျောင်း တည်ရှိရာ မှော်ဘီမြို့တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ AFoCO Secretariat မှ Director ၊ Mr. Kim Tongil ၊Mr. Kiwon Kim၊ CFDTC(မှော်ဘီ)မှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်း ဆရာနှင့် သင်တန်းသား/သင်တန်းသူများ၊ AFoCO RETC သင်တန်းကျောင်းမှ တာဝန်ရှိ သူများ၊ စုစုပေါင်း(၃၅) ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် CFDTC မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝေက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး AFoCO Secretariat မှ Director ၊ Mr. Kim Tongil က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။

“ဇီဝမြေဩဇာပြုလုပ်ခြင်းနည်းပညာနှင့် ရေရှည်တည်တံ့စေမည့် ဇီဝမြေဩဇာစီမံ အုပ်ချုပ်ခြင်းသင်တန်း” သည် ဒေသခံပြည်သူ အစုဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့အား ၎င်းတို့၏ တစ်နိုင်တစ်ပိုင် (သို့မဟုတ်) စီးပွားဖြစ် ထုတ်လုပ်ရာတွင် သဘာဝ စွန့်ပစ်ပစ္စည်း များ အသုံးပြု၍ ထုတ်လုပ်ခြင်းဖြစ်သောကြောင့် ကုန်ကြမ်းအတွက် ကုန်ကျစရိတ် သက်သာ စေပြီး ဝင်ငွေတိုးတက်ရရှိစေကာ ၎င်းတို့၏ လူမှုစီးပွားရေးများ တိုးတက် အဆင်ပြေလာ စေရန် ၊ဇီဝမြေဩဇာများကို မိမိကိုယ်တိုင် တစ်နိုင်တစ်ပိုင် သုံးစွဲနိုင်ရုံသာမက စီးပွားဖြစ် ထပ်မံတိုးချဲ့ထုတ်လုပ်ရောင်းချနိုင်ရန်၊သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းလုပ်ငန်းဆောင် ရွက်ရာတွွင် စိုက်ပျိုးသီးနှံနှင့် သစ်တောစိုက်ခင်းများနှင့် ပျိုးဉယျာဉ်များတွင် ကျရောက် တတ်သော ပိုးမွှားများနှင့်ရောဂါများကို စနစ်တကျ ထိရောက်စွာ နှိမ်နင်းနိုင်ရန်၊ မြေဆီလွှာ ထုတ်လုပ်နိုင်စွမ်း အရည်အသွေး ကျဆင်းမှုမရှိစေရေးနှင့် ရေရှည်ကောင်းမွန်သော သဘာဝ နှင့် ဇီဝမြေဩဇာ သွင်းအားစုအဖြစ် ထည့်သွင်း လုပ်ကိုင်တတ်စေရန် ၊ မြေဆီလွှာ ထိန်းသိမ်း ရေးနှင့် မြေဆီလွှာ အရည်အသွေး တိုးတက် ကောင်းမွန်စေမည့် နည်းလမ်းကောင်းများ အသုံးချ လက်တွေ့လုပ်ကိုင်တတ်စေရန်၊ မိမိကိုယ်တိုင် ဇီဝမြေဩဇာ ထုတ်လုပ်နိုင်စွမ်း ရှိ လာပြီး မိမိလယ်ယာနှင့် သစ်တောလုပ်ငန်းများတွင် မိမိမြေဩဇာကိုသုံးစွဲခြင်း ဂေဟစနစ် နှင့် လိုက်လျောညီထွေမှုရှိစွာ ဆောင်ရွက်နိုင်ရန် ၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော လုပ်ငန်း ညွှန်ကြားချက်ကိုကောင်းစွာ သိရှိနားလည်ပြီး သစ်တောစိုက်ပျိုးပြုစု ထိန်းသိမ်း ရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်ရေးအတွက် ဇီဝမြေဩဇာထုတ်လုပ် သုံးစွဲ တတ် စေရန်၊သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းနည်းစနစ်များ လေ့လာသိရှိစေရန်နှင့် စိုက်ပျိုး ရေး-မွေးမြူရေး-သစ်တော ပူးပေါင်းစီမံအုပ်ချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာ တွင်လိုအပ် သော သဘာဝမြေဩဇာ ထုတ်လုပ်ခြင်း လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ ကျင်းပဖွင့်လှစ် ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဒေသခံပြည်သူ သင်တန်းသား (၂၀)ဦး တက်ရောက်လျက်ရှိပြီး သစ်တောဦးစီးဌာန၊ AFoCO RETC နှင့် Dr. Nature Company တို့မှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ကျွမ်းကျင် သူသင်တန်းဆရာ( ၃)ဦးတို့က (၂၅-၉-၂၀၂၅) ရက်နေ့မှ (၂၉-၉-၂၀၂၅)ရက်နေ့အထိ (၅)ရက် တာ စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

date: 
Thursday, September 25, 2025 - 15:00