၁၃-၁၁-၂၀၂၃ ရက်နေ့မှ ၁၉-၁၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၇၄၇၈)တန်၊ သစ်မာ (၀.၂၂၉၂)တန်၊ အခြား (၁၇.၂၂၆၄)တန်၊ စုစုပေါင်း (၃၁.၂၀၃၄)တန်၊ ယာဉ်/ ယန္တရား (၈)စီး၊ တရားခံ (၆) ဦး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၅-၁၁-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စမိုးဘိနယ်၊ ခင်းတန်းကြီးကျေးရွာ အုပ်စု၊ ကျောက်ချောင်းကျေးရွာ အတောက်ဘက် (၇)ဖာလုံခန့်အကွာ၊ ရေပြာကုန်း တဲစုအနီး ဆည်မြောင်းတာဘောင်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၁၃၀)ချောင်း (၁၀.၃၁၀၆)တန်၊ ကား(၂)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-
date:
Wednesday, November 22, 2023 - 11:45