၂၂-၉-၂၀၂၅ ရက်နေ့မှ ၂၈-၉-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၃၀၉၃)တန်၊ သစ်မာ (၄.၅၆၅၂)တန်၊ အခြား (၂၃.၂၆၇၈)တန်၊ စုစုပေါင်း (၄၆.၁၄၂၃)တန်၊ ယာဉ်/ယန္တရား (၉)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၅-၉-၂၀၂၅ ရက်နေ့တွင် ရှမ်းပြည် နယ်၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရေသပြေ ဘိနယ်၊ ကျောက်တန်း-ဟိုပုံးသွားကားလမ်း၊ ထမ်စမ်းဂူပူးပေါင်းစစ်ဆေးရေးဂိတ်အနီးမှ တရားမဝင် ကျွန်းခွဲသား၊ ကျွန်းတံခါးရွက်ဆိုဒ်စုံ (၄၄၄)ချောင်း/ချပ် (၆.၆၄၅၂)တန်၊ ယာဉ်(၁)စီး၊ တရားခံ (၁)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Thursday, October 2, 2025 - 10:45