သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေညာခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ ၀၉ : ၀၀ နာရီမှ ၁၁ : ၀၀ နာရီအထိ

၂။ တောခေါင်းရာထူးနေရာများအတွက် လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲဖြေဆိုရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁ တခ-၁ ဦးသူရိန်ထွန်း ၉/ဇယသ(နိုင်)၀၀၆၆၄၅
၂ တခ-၂ ဦးဟိန်းဝေယံ ၉/ပဗသ(နိုင်)၀၂၃၄၀၆
၃ တခ-၃ ဦးဇွဲသုအောင် ၁၃/ရငန(နိုင်)၀၆၆၆၆၆
၄ တခ-၄ ဦးအံ့ထူးအောင် ၉/ကပတ(နိုင်)၃၃၈၅၄၄
၅ တခ-၅ ဦးစိုးမင်းထက် ၁/မကတ(နိုင်)၁၄၂၅၅၃
၆ တခ-၆ ဦးငြိမ်းချမ်းအောင် ၉/ပဗသ(နိုင်)၀၀၄၉၁၆
၇ တခ-၇ ဦးကောင်းဆက်နိုင် ၈/မကန(နိုင်)၃၃၂၇၉၁
၈ တခ-၈ ဦးဟိန်းထက်ဝင်း ၅/စကန(နိုင်)၃၁၀၂၅၁
၉ တခ-၉ ဦးသက်မှူးအောင် ၉/ဇယသ(နိုင်)၀၁၂၁၄၅
၁၀ တခ-၁၀ ဦးပိုင်ဟိန်းခန့် ၆/ကသန(နိုင်)၀၇၁၈၄၉
၁၁ တခ-၁၁ ဒေါ်စီခြယ်သွန်း ၉/ကပတ(နိုင်)၂၆၅၆၂၈
၁၂ တခ-၁၂ ဒေါ်အေးစန္ဒာထွန်း ၉/ဇယသ(နိုင်)၀၂၇၆၄၇
၁၃ တခ-၁၃ ဒေါ်အိသဇင်ကျော် ၉/ဇယသ(နိုင်)၀၄၀၂၁၀

၃။ တောခေါင်း ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ဖြေဆိုမည့် နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ သတင်းပေးပို့ရန်နှင့် စာမေးပွဲ ဖြေဆိုမည့်နေ့တွင် နံနက် (၀၈ : ၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက် စာတမ်း(မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉ : ၃၀) နာရီထက်နောက်ကျ၍ ရောက်ရှိ လာသူများနှင့် စာရွက်စာတမ်း(မူရင်း)မတင်ပြနိုင်သူများကို စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) အခြေခံပညာအထက်တန်းအောင်လက်မှတ်(မူရင်း)
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် ရာတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲအမှတ်အများဆုံးရရှိသူ များကို မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, October 3, 2025 - 09:45