သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေညာခြင်း

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ ၀၉ : ၀၀ နာရီမှ ၁၀ : ၀၀ နာရီအထိ

၂။ ရုံးအကူ/စာပို့ ရာထူးနေရာများအတွက် လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲ ဖြေဆိုရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁ ရုံးအကူ-၁ ဒေါ်သဲအိဖြူ ၉/ဇယသ(နိုင်)၀၂၁၇၅၉
၂ ရုံးအကူ-၂ ဒေါ်တင်မျိုးဝေ ၉/ဇယသ(နိုင်)၀၂၆၈၉၉
၃ ရုံးအကူ-၃ ဒေါ်စန်းစန်းအေး ၁၂/ရပသ(နိုင်)၁၂၂၃၈၉
၄ ရုံးအကူ-၄ ဒေါ်ထွေးထွေးစိုး ၉/ရမသ(နိုင်)၂၆၉၃၉၅
၅ ရုံးအကူ-၅ ဒေါ်နော်စေးဖော ၁၂/မဂဒ(နိုင်)၁၆၁၉၅၈
၆ ရုံးအကူ-၆ ဒေါ်ရွှေရည်မိုးဦး ၉/ဇဗသ(နိုင်)၀၁၁၃၇၈
၇ ရုံးအကူ-၇ ဒေါ်သီတာနှင်း ၉/ဇယသ(နိုင်)၀၀၆၈၀၂
၈ ရုံးအကူ-၈ ဒေါ်ဖူးစုံသင်း ၉/ဇယသ(နိုင်)၀၂၈၀၄၈
၉ ရုံးအကူ-၉ ဒေါ်အိမေသဲ ၉/ဇဗသ(နိုင်)၀၁၄၂၁၃
၁၀ ရုံးအကူ-၁၀ ဒေါ်အေးနန္ဒာမြင့် ၁၂/အစန(နိုင်)၂၈၄၂၀၈
၁၁ ရုံးအကူ-၁၁ ဒေါ်အေးနန္ဒာမျိုးမင်း ၅/ရဥန(နိုင်)၁၁၂၈၄၀
၃။ ရုံးအကူ/စာပို့ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ဖြေဆိုမည့် နေ့မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ သတင်းပေးပို့ရန်နှင့် စာမေးပွဲ ဖြေဆိုမည့်နေ့တွင် နံနက် (၀၈ : ၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက် စာတမ်း(မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉ : ၃၀) နာရီထက်နောက်ကျ၍ ရောက်ရှိ လာသူများနှင့်စာရွက်စာတမ်း(မူရင်း)မတင်ပြနိုင်သူများကိုစာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်(မူရင်း)
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် ရာတွင် လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲအမှတ်အများဆုံးရရှိသူ များကိုလူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီးလူတွေ့စစ်ဆေးခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, October 3, 2025 - 10:00