သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲဖြေဆိုမည့် နေ့ရက်၊ အချိန်၊ နေရာနှင့် ခုံအမှတ်များ ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်း ကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
၁ အထွေထွေဗဟုသုတ ၉-၁၀-၂၀၂၅ ၀၉ : ၀၀ နာရီမှ ၁၀ : ၀၀ နာရီအထိ
၂။ အစောင့်ရာထူးနေရာများအတွက် လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲဖြေဆိုရန် ခုံအမှတ် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
၁ အစောင့်-၁ ဦးအောင်ပိုင်စိုး ၉/ဇယသ(နိုင်)၀၃၃၆၅၄
၂ အစောင့်-၂ ဦးဇွဲညီခန့် ၉/ဇဗသ(နိုင်)၀၀၇၇၇၄
၃။ အစောင့် ရာထူးနေရာများအတွက် လျှောက်ထားသူများသည် ဖြေဆိုမည့် နေ့မတိုင်မီ တစ်ရက် ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနခွဲသို့ သတင်းပေးပို့ရန်နှင့် စာမေးပွဲဖြေဆိုမည့် နေ့တွင် နံနက် (၀၈ : ၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက်စာတမ်း (မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉ : ၃၀) နာရီထက်နောက်ကျ၍ ရောက်ရှိ လာသူ များနှင့်စာရွက်စာတမ်း(မူရင်း)မတင်ပြနိုင်သူများကိုစာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါ-
(က) အခြေခံပညာမူလတန်းအောင်လက်မှတ်(မူရင်း)
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
( ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
( င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲလာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် ရာတွင် လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲအမှတ်အများဆုံးရရှိသူ များကိုလူတွေ့စစ်ဆေးခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီးလူတွေ့စစ်ဆေးခြင်းဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာ တို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန