၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ အောင်မြင်စွာထုတ်ပြန်နိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ
၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (Myanmar Forest Resources Assessment 2025 – MFRA 2025) အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို (၈-၁၀-၂၀၂၅) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ(၁) ၌ မွန်းလွှဲ(၁း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးတွင် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့် စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲရှိ FRA core unit မှ တာဝန်ရှိသူများအားလုံးသည် MFRA 2025 ထုတ်ပြန်မည့် အခမ်းအနား အစီအစဉ်များ၊ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ စာတမ်းဖတ်ကြားနိုင်ရေးနှင့် ကြိုတင်ပြင်ဆင် ထားရှိမှု အခြေအနေများအပေါ် ဘက်စုံထောင့်စုံမှ အမြင်ချင်းဖလှယ်ကာ ဝိုင်းဝန်းဆွေးနွေး သုံးသပ်ခဲ့ကြပါသည်။





