သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော တောခေါင်း ရာထူး နေရာများတွင် ခန့်ထားရန်အတွက် မိုင်(၂၀)လမ်းလျှောက်စစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့် အညီ အထွေထွေဗဟုသုတဘာသာရပ်ရေးဖြေစစ်ဆေးခြင်းကို ၉-၁၀-၂၀၂၅ ရက်နေ့တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူ ပူးတွဲ PDF File ပါ (၁၃) ဦးအား ကြံ့ခိုင်မှုစစ်ဆေးခြင်း (မိုင် ၂၀ လမ်းလျှောက် စစ်ဆေးခြင်း) ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ၁၁-၁၀-၂၀၂၅ ရက် နေ့ (စနေနေ့) နံနက် (၀၄:၀၀) နာရီအချိန်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ မိုင်(၂၀)လမ်းလျှောက်မည့်သူများအနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအား ကစားကွင်းသို့ နံနက်(၀၃:၄၅)နာရီအရောက် သတင်းပေးပို့ရမည်ဖြစ်ပြီး လမ်းလျှောက်ခြင်း စတင်မည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိလာသူ များကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ လမ်းလျှောက် ရာတွင် တပ်ဆင်ရမည့် ကျောနံပါတ်များကို ၁၀-၁၀-၂၀၂၅ ရက်နေ့၊ ရုံးချိန်အတွင်း သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(ရုံး အမှတ်-၃၉)၊ စီမံခန့်ခွဲ ရေးဌာနသို့ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
