သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ကိုရီးယားသမ္မတနိုင်ငံ၊ Climate Change Center (CCC) မှ ညွှန်ကြားရေးမှူးချုပ် Ms. Jiwon Choi ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၁၀-၁၀-၂၀၂၅ ရက်နေ့၊ သောကြာနေ့၊ နံနက် (၉:၀၀) တွင် ကိုရီးယားသမ္မတနိုင်ငံ၊ Climate Change Center (CCC) မှ ညွှန်ကြားရေးမှူးချုပ် Ms. Jiwon Choi နှင့် Kangwon National University (KNU) မှ သုတေသနပညာရှင် Ms. Youjin Jung တို့အား ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်း(REDD+) ဆိုင်ရာ လုပ်ငန်းများ၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (Korea Forest Service-KFS) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ Nationally Determined Contributions (NDC) ပြည့်မီစေရေး သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တော ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အခွင့် အလမ်းများအား ဆွေးနွေးပြောကြားခဲ့ပါသည်။တွေ့ဆုံပွဲသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ သစ်တောသုတေသနဌာန ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရှိသည်။

date: 
Saturday, October 11, 2025 - 15:00