သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ
(၁၃-၁၀-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၁၃) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးတင်မိုး (ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းစံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး နှီးနှောဖလှယ်ပွဲအားလည်းကောင်း၊ တောအုပ်ကြီး ဒေါ်ဖြူစင်ဝင်းမှ ကိုရီးယားသမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် (၁၄) ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနသင်တန်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။





