၆-၁၀-၂၀၂၅ ရက်နေ့မှ ၁၂-၁၀-၂၀၂၅ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိခြင်း
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၄၂၁၂)တန်၊ သစ်မာ (၁.၆၁၆၂)တန်၊ အခြား (၆.၅၆၂၀)တန်၊ စုစုပေါင်း (၁၈.၅၉၉၄)တန်၊ ယာဉ်/ယန္တရား (၃)စီး၊ တရားခံ (၇)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၆-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ(အနောက်)ဘိနယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၁၀/၂)၏ အနောက်ဘက် (၂)ဖာလုံခန့်အကွာ၊ ပိန္နဲခုံကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းစပ်အနီးမှ တရားမဝင် ကျွန်း/ပိုးမဲဇာ ခွဲသား (၃၂)ချောင်း (၃.၁၈၇၈)တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date:
Wednesday, October 15, 2025 - 10:30